ဂျပန် အရွက်သုပ်နည်း

ဂျပန် အရွက်သုပ် ပြုလုပ်နည်း

ပါဝင်သောပစ္စည်းများ

  • ဆလပ်ရွက်
  • Kewpie mayonnaise (Japanese mayonnaise) လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • Mix vegetables (ပြောင်းဖူး မုန်လာဥနီ အတုံးလေးများ)
  • ကြက်ဥ ၂ လုံး
  • အာလူး ၂လုံး (အလတ်စား )
  • ဆားအနည်းငယ်
  • black pepper အနည်းငယ်

Mix vegetables ကို supermarket တွေမှာ အသင့်ပြုလုပ်ပြီးသား ဝယ်လည်းရပါတယ် ကိုယ့်ဘာသာ ပြောင်းဖူး မုန်လာဥနီ ဝယ်ပြီး တုံးလည်းရပါတယ်။

    1. Mix vegetables ကို ၃ မိနစ်လောက် ပြုတ်ပါ ပြီးလျှင် ဆယ်ထုတ်ပြီး ပန်ကန်လုံး ထဲသို့ထည့်ထားပါ
    2. အားလူးကို အခွံနွှာ၍ ကြက်ဥ ကိုရေဆေးပြီး အတူရောပြုတ်ပါ   ဆားအနည်းငယ်ပါ ရောထည့်ပြီးပြုတ်ပါ ကြည်ဥ ကျက်လာလျှင် ဆယ်ထုတ်၍ ရေအေး ထဲသို့ ငါးမိနစ်စိမ်ထားပြီး အခွံခွါပါ ပြီးလျှင် ကြက်ဥ ကိုချေမွှလိုက်ပါ အားလူး နူးညံ့မှုမရှိသေးလျှင် နူးညံ့လာသည်အထိ ဆက်ပြုတ်ပါ အားလူး နူးလျှင် ဆယ်ထုတ်ပြီး ကြက်ဥ ကဲ့သို့ချေမွှပါ
      ချေမွှပြီးသား အားလူး ထဲသို့ ဆားအနည်းငယ်နဲ့ ငရုတ်ကောင်းမုန့် နည်းနည်းထည့်၍ မွှေပါ
    3. အပေါ်က ပြုလုပ်ပြီးသာ အရာအားလုံးကို ပန်ကန် တစ်လုံးထဲစုထည့်၍ mayonnaise ပါ ထည့်ပြီး မွှေပါ
    4. ဆလပ်ရွက် ထဲထည့်ပြီး စားလို့ရပါပြီရှင်

အချိန်ရလျှင် လုပ်စားကြည့်ကြနော် အရမ်းကောင်းပါသည်😊👍😋

japansalad1japansalad2japansalad3japansalad4japansalad5japansalad6japansalad7