အရသာရှိသော ထမင်းကြော် ကြော်နည်း

အရသာရှိသော ထမင်းကြော် ကြော်နည်း

ပါဝင်သော ပစ္စည်းများ

  • ၁. ကြက်သွန်အကြီး တစ်ခြမ်း
  • ၂. Frozen beans (ပဲစိမ်း မုန်လာဥနီ ပြောင်းဖူးစေ့)
  • ၃. Crab meat (ဂဏန်းအသားချောင်း)
  • ၄. Pork sausage ၂ ချောင်း (ဝက်အူချောင်း)
  • ၅. ကြက်သွန်မြိတ်
  • ၆. ပုဇွန် အကောင်သေး
  • ၇. ကြက်ဥ  ၂ လုံး/li>
  • (၁) ပုဇွန် ကိုရေဆေးပြီးလျှင် ငံပြာရည် , သကြား , ငရုတ်ကောင်းမှုန့် အနည်းငယ် ဆီ ထည့်ပြီး ကြက်သွန်ဆီ ပါ အနည်းငယ်ရောထည့်မွှေ၍ မိနစ်နှစ်ဆယ်လောက် ရေခဲသေတ္တာ ထဲမှာထားပါ
  • (၂) ကြက်ဥ ၂ လုံးကို အကာနဲ့ အနှစ် သီးခြားထားပါ
  • (၃) ကြက်သွန် ,crab meat , pork sausage, ကြက်သွန်မြိတ် တို့ကို ပုံတွင်ပြထားသည့်အတိုင်း ပြုလုပ်ပါ
  • (၄) ကြော်အိုး ထဲသို့ ဆီ နည်းနည်းထည့်ပြီးလျှင် pork sausage ကို ကျက်အောင် ကြော်၍ crab meat ကို စက္ကန့်  သုံးဆယ်လောက်ထည့်မွှေပါ ပြီးလျှင် ပန်ကန် တစ်ချပ်ထဲသို့ ဆယ်ထုတ်ထားလိုက်ပါ
    Frozen beans ကို ဆီနည်းနည်းဖြင့် ကျက်အောင်ကြော်၍ ပန်ကန်တစ်လုံးထဲသို့ဆယ်ထုတ်ပါ
  • (၅) ကြော်အိုး ထဲသို့ ဆီ သုံးဇွန်း ထည့်၍ ကြက်သွန် ကို ထည့်ကြော်ပါ နည်းနည်းကျက်ရုံဖြစ်ပါက ပုဇွန် ထည့်၍မွှေပါ ပုဇွန် ကျက်ပါက ထမင်း ထည့်၍မွှေပါ ခဏကြာလျှင် နံပါတ် ၄ ကြော်ပြီးသား ပြန်ထည့်ပါ ပြီးလျှင် ငံပြာရည် နည်းနည်းနဲ့ ခနော ကြက်သားမှုန့် နည်းနည်းထည့် ပြီးလျှင် ကြက်ဥ အကာထည့်၍မွှေပါ ပြီးနောက် ကြက်ဥအနှစ် ကိုပါ ထည့်၍မွှေပါ

အရသာ ကိုကိုယ်လိုအပ်သလို ဖြည့်စွက်နိုင်ပါသည်
မှတ်ချက်။ ။ ထမင်းပျော့အောင်မချက်ရ
Frozen beans ကို supermarket မှာ ဝယ်လို့ ရပါသည် ကိုယ်တိုင်လည်း အတုံးလေးတုံး၍ ပြုတ်လို့ရပါသည်
Fried rice ingredientsFried rice ingredientsFried rice ingredientsထမင်းကြော်