Computer တွင် Wifi Password ကြည့်နည်း

Computer တွင် Wifi Password ကြည့်နည်း

ပထမအဆင့်wifi-icon-taskbar
Computer အောက်ဆုံး ညာဖက်ထောင့်တွင် Wifi Icon ကို Mouse ဖြင့် Right Click နှိပ်ပြီး ပေါ်လာသောအကွက်ထဲက Open Network and Sharing Center ကိုနှိပ်ပါ

သို့မဟုတ်

network-and-sharing-centre

Search တွင် Control Panel ကိုရှာပြီး Control Panel မှတစ်ဆင့် Network and Sharing Center ကို သွားပါ။  ( Control Panel>>Network and Internet>>Network and Sharing Center )

သို့မဟုတ်

Microsoft သင်္ကေတ ဖြစ်တဲ့ Window ခလုတ်နဲ့ R ကိုတွဲနှိပ်ပါ ကျလာသောအကွက်တွင် control panel လို့ရိုက်ပါ။ ပြီးရင် Network and Sharing Center ကိုသွားပါ။

ဒုတိယအဆင့်

Change Adapter Settings ကိုနှိပ်ပါ။ ပြီးလျှင် ချိတ်ဆက်ထားသော wifi ကို Right Click နှိပ်ပြီး ပေါ်လာသောအကွက်ထဲမှ Status ကိုရွေးချယ်ပါ။wifi-icon-1
နောက်ထပ်ပေါ်လာသော အကွက်ထဲမှ Wireless Properties >>Securities>>

ပြီးပါက show characters ကိုနှိပ်လိုက်ပါ။

wifi-statuswifi-password-securities

Wifi password ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။