နှုတ်ခမ်းနီ အမျိုးအစား များနှင့် ကြာရှည်ခံအောင် ဆိုးနည်း

Lipstick Shape

နှုတ်ခမ်းနီ အမျိုးအစားများ နှင့် ကြာရှည်ခံအောင် ဆိုးနည်း

Matte Lipstick

Matte lip
Matte lipstick ရဲ့ ခြောက်သွေ့မွဲခြောက်တဲ့အရောင်တွေက တည်ငြိမ်ရင့်ကျက် စေပြီး ဆွဲဆောင်မှုအားကောင်းကာ ညှို့အားပြင်းထန် စေပါတယ်။ Matte lipstick ရဲ့ အားနည်းချက် က နှုတ်ခမ်း ခြောက်သွေ့စေတာကြောင့် မဆိုးခင် အစိုဓါတ် ထိန်းဖို့ အရမ်းအရေးကြီးပါတယ်။
ခြောက်သွေ့တဲ့ သဘာဝ ကြောင့် အပေါ်အောက် နှုတ်ခမ်းသား ခြင်းပွတ်ပြီး ဆေးသားမျှအောင် မပြုလုပ်ရပါ ။ ဆေးသားမျှတအောင် နှုတ်ခမ်းခြယ်စုတ်တံ ကို အသုံးပြုသင့်ပါသည်။

Creme Lipstick

Creme Lip
ပုံမှန်လူသုံးများသော အမျိုးအစား ဖြစ်ပြီး ပေါ့ပါးသော အမူအရာ ၀င်းပသော ဟန်ပန် တို့ကိုပိုင်ဆိုင်နိုင်မှာပါ။ အစိုဓာတ်ပါ၀င်မှုများသောနှုတ်ခမ်းနီ သဘာ၀အရ ကြာရှည်မခံသောကြောင့် မကြာခဏ ဆိုးပေးဖို့လိုအပ်ပါသည်။ Creme lipstick က ဖယောင်း ပါ၀င်မှုများပြား၍ ပျော့ပြောင်းနူးညံ့မှု ကိုပေးစွမ်းပါသည်။

Gloss Lipstick

Gloss Lip
နှုတ်ခမ်း ရုပ်လုံးကြွစေပြီး ပါးလွှာသေးငယ်သောနှုတ်ခမ်းတွေ နဲ့လိုက်ဖက်မှုရှိပါသည်။ နှုတ်ခမ်း အရည်လဲ့၍ ချောမွေ့တောက်ပြောင်စေ ပါသည်။ Gloss lipstick လေးဆိုးထားပါက သင့်ရဲ့ တပ်ကြွမှု ၊ ပျော်ရွှင်မှု ကို အားဖြည့်ပေးပါလိမ့်မည်။ Gloss lipstick တွင်အဆီ ပါ၀င်မှုများပြားသောကြောင့် တောက်ပသော နှုတ်ခမ်း ပေးစွမ်းပြီး Matte Lipstick, Creme Lipstick တို့နှင့်တွဲဖက်အသုံးပြုနိုင်ပါသည်။

Shimmer Lipstick (Pearly or Frost)

Shimmer lip
Shimmer Lipstick တွင် အလင်းပြန် ပြီးတလက်လက် တောက်ပနေသော အမှုန် များပါ၀င်၍ ပွဲလမ်းသဘင် အတွက် အထူးသင့်လျော်သော အမျိုးအစား ဖြစ်ပါသည်။ လူကြားထဲတစ်မူဆန်းသစ်ချင်ရင်တော့ Shimmer Lipstick ကိုသာ အသုံးပြု လိုက်ပါ။

Long Lasting Lipstick (lip stain, tattoo lipstick)

ကြာရှည်ခံ တဲ့အတွက် မကြာခဏ ပြန်ဆိုးပေးရတဲ့ ပြသနာ ကင်း၀ေးစေမှာပါ။ Long lasting lipstick တွင် ပါ၀င်သော Volatile Silicone oils အငွေ့ပျံံခြင်းက ဆေးသား တွေ ကြာရှည်ခံအောင် ထိန်သိမ်းပေးပါတယ်။ ခြောက်သွေ့တဲ့ အမျိုးအစား ဖြစ်သာကြောင့် နှုတ်ခမ်း အသားပက် ခြင်းမှကင်း၀ေးအောင် နှုတ်ခမ်း အစိုဓာတ် ထိန်းဖို့အရေးကြီးပါသည်။

နှုတ်ခမ်းနီဆိုးနည်း

  1. Exfoliate တစ်ပတ် နှစ်ကြိမ်လောက် dead skin တွေကိုဖယ်ရှားပါ
  2. နှုတ်ခမ်းနီ မဆိုးခင် Lip Balm အသုံးပြုပြီးအစိုဓာတ် ထိန်းပါ
  3. Lip Liner ဆိုးပါ။ (နှုတ်ခမ်း အနားသပ် လှပအောင် နှုတ်ခမ်းနီ တာရှည်စွာစွဲမြဲ နေအောင်ပါ)
  4. နှုတ်ခမ်းနီ စဆိုးပါ
  5. နှုတ်ခမ်းနီ ပေါ်က ပိုနေသောအဆီ တွေဖယ်ရှားဖို့ တစ်ရှူးနှုတ်ခမ်း ကြားဖွဖွလေးဖိပေးပါ
  6. ပိုပြီး ကြာရှည်ခံအောင် နောက်တစ်လွှာဆိုးပါ