ဘာလို့ iphone အသုံးပြုနေရင်း ဖုန်း screen အောက်ဖက်ရွှေ့သွားတာလည်း

ဘာလို့ iphone အသုံးပြုနေရင်း ဖုန်း screen အောက်ဖက်ရွှေ့သွားတာလည်း

iphone screen move
ကြုံဖူးကြမယ်ထင်ပါတယ် အဲလိုဖြစ်ရင်လျှောက်နှိပ်ပစ်တာ 🙂
နောက်ပိုင်းထွက် ဖုန်းတွေ screen ကြီးလာတာနဲ့အမျှ လက်တစ်ဖက်တည်းနဲ့အသုံးပြုဖို့ ပိုမိုခက်ခဲလာပါတယ်
အဲဒီအခက်အခဲ ဖြေရှင်းဖို့အတွက် screen တစ်ခုလုံး လက်တစ်ဖက်တည်းနဲ့ အသုံးပြုရလွယ်ကူအောင် screen အောက်ဖက်ကို ရွေ့လို့ရတဲ့ အသုံးဝင်မှုလေးပါ
Reachability လို့ခေါ်ပါတယ်
Finger Print System ပါ၀င်တဲ့ iphone တွေပဲရပါတယ်

အဲဒီ function လုပ်ဆောင်ဖို့အတွက် Home Button ကိုနှစ်ချက်မြန်မြန်ထိပြီး (နှစ်ချက်ဖိတာမဟုတ်ပါ) phone screen အားအပါ်အောက်ရွှေ့နိုင်ပါပြီ
အဖွင့်အပိတ်လုပ်ရန်

Settings – General – Accessibility – Reachability