Microwave အသုံးပြုနည်း

Microwave အသုံးပြုနည်း

၁.  သတ္တုပစ္စည်းများ

အလူမီနီယံပြား သံခွက် ဇွန်းခက်ရင်း များ
Microwave ရဲ့ အလုပ်လုပ်ပုံ ကတော့ Electromagnetic လှိုင်းတွေနဲ့ ရေမော်လီကျူး တွေကိုတုန်ခါစေပြီး အပူနဲ့ အစားအစာ များကို ကျက်စေပါတယ်။ Electromagnetic လှိုင်းတွေက သတ္တု မှာရှိတဲ့ လွတ်လပ်စွာ ရွေ့လျားနိုင်တဲ့ electron တွေကို ချွန်ထက် တဲ့အနားတွေမှာ စုစည်းစေပြီး မီးတောက် ကိုဖြစ်စေပါတယ်။
နောက်ထူးခြားတဲ့အချက်က စပျစ်သီး က မီးတောက်စေနိုင် တဲ့အချက်၊ စပျစ်သီးအရည် က လျှပ်စစ်စီးစေပြီး မီးလောင်ကာ အဆိပ်ငွေ့ထုတ်တဲ့အတွက် အန္တရာယ် ရှိသည်။

resin-smoke-in-microwave

စပျစ်သီး မီးလောင် ကျွမ်းနေပုံ

၂. ပလတ်စတစ်ခွက် များ

ပလတ်စတစ်ခွက် များတွင် Microwave Oven safe အမှတ်အသား ပါမှအသုံးပြုပါ။ အကောင်းဆုံးကတော့ Microwave safe ဖြစ်ရင်တောင်မသုံးစေချင်ဘူး။ ကျွန်တော်ငါးခြောက်ဖုတ်တုန်းကတောင် Microwave oven safe ပလတ်စတစ် အရည်ပျော် သွားတယ်။ အကယ်၍ မျက်စိနဲ့မမြင်နိုင်တဲ့ ဓါတုဗေဒပ ပစ္စည်း တွေ အစားအသောက် ထဲစိမ့်၀င်နေရင် ကျန်းမာရေး အတွက် အန္တရာယ် ရှိပါတယ်။

plastic-melt-in-microwave

၃. ကြက်ဥ

လျင်မြန်စွာ အပူပေး ခြင်းက ကြက်ဥ အတွင်း ဖိအား များလာစေပြီး ပေါက်ကွဲ စေပါသည်။

မှတ်စု
Microwave အတွင်း ဘာ အစားအသာက် မှမရှိဘဲ အလုပ်မလုပ်ဆောင်ပါစေနဲ့။
ချက်ပြုတ်ခြင်း မှအပတစ်ခြား ရည်ရွယ်ချက် အတွက် အသုံးမပြုပါနဲ့။ ဥပမာ အ၀တ်၊ စက္ကူ အခြောက်ခံခြင်း။