အစားအစာများ ပလပ်စတစ် ဖြင့် ထုပ်ပိုးခြင်းက အန္တရာယ် ရှိပါသလား

အစားအစာများ ပလပ်စတစ် ဖြင့် ထုပ်ပိုးခြင်းက အန္တရာယ် ရှိပါသလား

ငယ်ငယ်တုန်းက အမေ လက်ဖက်ရည် ဝယ်ခိုင်းရင် ကြွတ်ကြွတ်အိတ် (T-Shirt Bag) နဲ့ ပါဆယ် ဆွဲပြီး အိမ်မှာ တစ်ယောက်တစ်ဝက်သောက်ပါတယ်။ ပတ်ဝန်းကျင် က လူတော်တော်များများလုပ်နေတဲ့ အလေ့အကျင့် ဖြစ်တာကြောင့် အန္တရာယ် ရှိလိမ့်မယ်လို့ မစဥ်းစားမိဘူး။ ပလပ်စတစ် က အစားအစာ ထုပ်ပိုးရာမှာ သုံးစွဲမှု အလွန်ကြီးမားလာပါသည်။

ဘယ်လို ပလပ်စတစ် အမျိုးအစားတွေက အန္တရာယ် ရှိစေသလားဆိုတာ ဆက်ပြီးလေ့လာကြရအောင်

  • နားလည်ထားဖို့ လိုတာက ပလပ်စတစ်တွေဟာ ဒဏ်အမျိုးမျိုးသက်ရောက်တဲ့အခါ ပိုပြီးတော့ chemical တွေစိမ့်ထွက်ပါသည် (နေရောက်ခြည် (UV) ထိတာ၊ အပူပေးတာ၊ လွတ်ကျတာ၊ ခြစ်မိတာမျိုးတွေပါ)
  • ပလပ်စတစ်တွေရဲ့ အန္တရာယ် အနည်းအများ ကို resin code သို့မဟုတ် recycling symbol ကိုကြည့်ပြီးသိနိုင်ပါသည်
  • အန္တရာယ်နည်းတဲ့ Plastic တွေကတော့ 1, 2, 4, 5 ပါ

1. PETE or PET Polyethylene terephthalate

  • တစ်ခါသုံး သောက်ရေသန့်ဘူး တွေ ပြုလုပ်ရာတွင်သုံးပါသည်
  • အန္တရာယ် နည်းပါသည်

2.HDPE or PE-HD High-density polyethylene

  • နို့ဘူး ခေါင်းလျှော်ရည်ဘူး စျေး၀ယ်အိတ်တွေမှာ အသုံးပြုပါသည်
  • အန္တရာယ်နည်းသည်

3.PVC or V Polyvinyl chloride

  • ရေပိုက် (PVC ပိုက်)၊ ဗီနိုင်းကြော်ငြာ တွေမှာအသုံးပြုပါသည်
  • အန္တရာယ် ရှိသည်

4.LDPE or PE-LD Low-density polyethylene

  • HDPE နဲ့ဆင်တူပြီး HDPE ထက်ပျော့ပျောင်းနူးညံ့ပါတယ်။
  • အန္တရာယ် နည်းသည်

5.PP Polypropylene

  • ပြန်လည်အသုံးပြုနိုင်တဲ့ အစားအသောက်ဘူး တွေ၊ စာရေးကိရိယာ ပစ္စည်း တွေမှာသုံးပါသည်။
  • အန္တရာယ် နည်းသည်

6.PS Polystyrene (Styrofoam)

  • ဖော့ဘူး၊ ကော်ဖီခွက်၊ အစားအသောက်ပါဆယ် အတွက် အသုံးပြုပါသည်။
  • တွင်တွင်ကျယ်ကျယ် အသုံးပြုနေပေမဲ့ ကျန်းမာရေး အတွက် မသင့်လျော်ပါ

7.OTHER or O

  • အပေါ်မှာ မမှာ၀င်တဲ့ အမျိူအစား တွေကို 7 လို့ သတ်မှတ်ပါတယ်။
  • ရေသန့်ဘူး CDပြား အိမ်ခေါင်မိုး နိုင်လွန်ကြိုး တွင်အသုံးပြုပြီး အမျိုးအစား တိတိကျကျ သတ်မှတ်လို့မရတဲ့အတွက် အစားအသာက် ထုပ်ပိုးပစ္စည်း များတွင်မသုံးသင့်ပါ