Pomfret ငါးပေါင်းနည်း

Pomfret ငါးပေါင်းနည်း

ပါဝင်သော ပစ္စည်းများ

  • Pomfret ငါးတစ်ကောင်
  • ဆား အနည်းငယ်
  • Seafood soy sauce
  • ခရမ်းချဉ်သီးတစ်လုံး
  • ဂျင်း အနည်းငယ်
  • ငရုတ်ရှည်သီး တစ်တောင့်
  • Salted vegetables အနည်းငယ်

Pomfret ငါး မကြီးမသေး အနေတော်တစ်ကောင်ကို ရေဖြင့် စင်အောင်ဆေးကြောပါ ဝမ်းဗိုက်ပိုင်း ကိုအဓိကဆေးကြောပါ သွေး များကိုလည်း စင်အောင်ဆေးကြော ပါ သွေးညှီနံ့များ မနံအောင်

  • (၁) ငါး ကိုဆေးကြောပြီးလျှင် တစ်ဖက်တစ်ချက်စီ မွှန်းပါ ပြီး လျှင်ဆားအနည်းငယ်ဖြင့် တစ်ကိုယ်လုံးကို ပွတ်ပါ
  • (၂) ဂျင်း , salted vegetables နဲ့ ငရုတ်ရှည်သီး တစ်တောင့်ကို အစေ့ထုတ်ပြီး အချောင်းလေးတွေ ဖြစ်အောင်လှီးပါ
  • (၃) ဆားလူးပြီးသားငါးပေါ်နဲ့ အောက်ဘက်ကို ဂျင်း ချောင်းများဖြင့် ဖြန့်ကျဲပါ ဆက်လက်၍ Salted vegetables နဲ့ ငရုတ်သီး တောင့်ရှည်ချောင်းများကို ငါးပေါ်သို့တင်ပါ ပြီးလျှင် ခရမ်းချဉ်သီးပါ တင်ပါ
  • (၄) အသင့်ပြင်ပြီးသားငါးပေါ်သို့ seafood soy sauce စားပွဲစားဇွန်း ၂ ဇွန်းထည့်ပါ ပြီးလျှင် ရေခဲသေတ္တာထဲမှာ ၂ နာရီလောက် ထားပါ
  • (၅) ၂ နာရီကြာပြီနောက် ပေါင်းအိုး ထဲသို့ ရေထည့်ပြီး ဆူပါ ရေဆူလာလျှင် ငါထည့်ပြီး ၁၅ မိနစ် အဖုံးအုပ်ပြီးပေါင်းပါ

မီးဖိုချောင် ညစ်ပတ်လည်းသက်သာ အရသာ ရှိပြီး ကျန်းမာရေးနဲ့ညီညွှတ်သော ငါးပေါင်းနည်း တစ်မျိုးကို မျှဝေပေးလိုက်ပါတယ်ရှင်

pomfretpomfret2 pomfret1pomfret4pomfret5pomfret6pomfret7