ရိုးရှင်း၍ အရသာ ရှိသော ဆန်ပြုတ် ပြုလုပ်နည်း





 ဆန်ပြုတ် ကြက်သား ဆန်ပြုတ်

ရိုးရှင်း၍ အရသာ ရှိသော ဆန်ပြုတ် ပြုလုပ်နည်း

ပါဝင်သော ပစ္စည်းများ

  1. ကြက်ပေါင်
  2. chicken cube
  3. ဆန်
  4. ကြက်သွန်မြိတ်

knorr Chickenknorr chicken cubeThermal Cooker

  • ဆန် နို့ဆီဘူး တစ်ဘူးနဲ့တစ်ဝက်ကို ရေးဆေး၍ အိုးထဲသို့ထည့်ပါ
  • chicken cube တစ်ခုထည့်ပါ
  • ပြီးလျှင် ကြက်ပေါင် သုံးခုကို ရေဆေး၍ ရောထည့်ပါ
  • မီးဖို ပေါ်သို့တင်၍ ကြိုချက်ပါ
  • ဆန်ပြုတ် ဆူလာလျှင် မကပ်အောင် တစ်ခါ တစ်ခါ ဖြည်းဖြည်းမွေပေးရပါမည်
  • ရေနည်းပြီး ထမင်းစေ့ပြယ် ကြက်သား လည်းပျော့လာလျှင် ကြက်သား ကိုဆယ်ထုတ်၍ ဆန်ကို ပျစ်ပျစ် စည်းအောင် ချက်ပါ ဆား လိုအပ်လျှင် ထည့်နိုင်ပါသည်
  • ကြက်သား ကိုအအေးခံ၍ အမြောင်းလေးတွေဖြစ်အောင် နွှာပါ
  • ကြက်သွန်မြိတ် ကိုသေးသေးလေးတွေဖြစ်အောင် ဖြတ်တောက်ပါ
  • ချက်ပြီးသား ဆန်ပြုတ်ကို ပန်ကန် ထဲထည့်၍ လိုသလောက် ကြက်သား ကိုထည့် ကြက်သွန်မြိတ် ကိုနည်းနည်းထည့်၍ စားသုံးနိုင်ပါသည်
  • အီကြာကွေး ကြိုက်ပါက အီကြာကွေး ရောထည့်နိုင်ပါသည် ကြက်သွန်ကြော် အရန်သင့်ရှိပါက ထည့်လျှင် ဆန်ပြုတ် ပို၍အရသာရှိပါသည်

ပုံမှာ ပြထားတဲ့ Thermal cooker ကိုအသုံးပြု၍လည်း ချက်နိုင်ပါသည် Thermal cooker ကိုအသုံးပြုလျှင် ၁၅မိနစ်လောက်ဆူပြီး မိနစ်၂ဝလောက်ထည့်ထားခြင်းဖြင့် ဆန် ကိုပြယ်၍ ကြက်သား ပါကျက်သွားနိုင်ပါသည် ပြီးလျှင်ထုတ်ကြည့်၍ ရေလိုအပ်လျှင်နည်းနည်းထည့်၍ ဆန်ပြုတ် ကို စိတ်ကြိုက်ချက်နိုင်ပါသည် Thermal cooker အသုံးပြုခြင်းဖြင့် gas  ကုန်သက်သာစေပါသည်