စင်္ကာပူ ကုန်ကျစရိတ် သက်သာသော စိတ်ဝင်စားစရာနေရာများ

စင်္ကာပူ ကုန်ကျစရိတ် သက်သာသော စိတ်ဝင်စားစရာနေရာများ

Singapore တွင်လည်ပတ်ရန်နေရာများ

1.Botanic Garden
1.National Orchid Garden
3.ION SKY TOWER
4.Pinnacle Tower
5.Red Dot Museum
6.Buddha tooth relic temple
7.Haw Par Villa
8.Mount Faber
9.MacRitchie Reservoir

1.Botanic Garden

  • ဝင်ကြေး – Free
  • ဖွင့်ချိန်- နံနက် ၅နာရီ မှ ညသန်းခေါင် ၁၂:၀၀ နာရီ
  • လိပ်စာ- Botanic Garden MRT ကထွက်တာနဲ့ရောက်သည်
  • ခန့်မှန်း လည်ပတ် ရန် ကြာချိန်- 3-5 hour
  • စုံစမ်းရန်-botanic garden

Botanic ပန်းခြံ ဟာနှစ်ပေါင်း ၁၅၀ ကျော်သက်တမ်းရှိပြီး ပန်းပင် အလှအပ ခံစားတတ်သူများ သစ်ပင် အကြောင်း လေ့လာ ချင်သူများအတွက်လည်း စာသား များနှင့်တစ်ကွ အပြည့်အစုံ ရှင်းပြပေးထားတဲ့အတွက် သွားရောက်လေ့လာ လည်ပတ်သင့်တဲ့နေရာ ဖြစ်တယ်။Singapore Botanic Gardenimg_7461img_7466  img_7458botanic-garden
Botanic Garden
အပေါ်သို့ပြန်သွားရန်

National Orchid Garden

  • ဝင်ကြေး- 5 S$
  • ဖွင့်ချိန်-နံနက် ၈:၃၀ မှ ည ၇:၃၀ ထိ
  • လိပ်စာ- Botanic ပန်းခြံအတွင်း
  • ခန့်မှန်း လည်ပတ် ကြာချိန်- 30 minutes

National Orchid Garden တွင်တော့ အရောင်အသွေး စုံလင်လှတဲ့ သစ်ခွပန်း ပင်များကို မိုး နွေ ဆောင်းဦး ဆောင်း ရာသီဥတု နဲ့လိုက်ဖက်တဲ့ အရောင် များနဲ့ ခွဲခြားပြသထားပါတယ်။

img_1058National Orchid GardenNational Orchid Garden

National Orchid Garden
အပေါ်သို့ပြန်သွားရန်

2.ION SKY TOWER

  • ဝင်ကြေး – Free
  • ဖွင့်ချိန်- ညနေ ၃း၀၀ မှ ညနေ ၆း၀၀ ထိ (နောက်ဆုံး၀င်ချန် ၅း၃၀)
  • လိပ်စာ- Orchard MRT ကနေ နေမထွက်ခင် Ion Sky ဆိုင်းဘုတ်ရှိတဲ့ဖက်ကို သွားပါ၊ Ion Sky via lvl 4 မြားအတိုင်း Lobby A ဓါတ်လှေကားနဲ့ ၄လွှာကိုတက်ပါ၊ ဘယ်ဖက်ကွေ့ပါက Ion Art လမ်းအတိုင်း ၀င်သွားရင် ၅6လွှာ Ion Sky သွားတဲ့လမ်းတွေ့ပါလိမ့်မယ်
  • ခန့်မှန်းလည်ပတ်ရန်ကြာချိန်- 30 minutes
  • စုံစမ်းရန်-ion sky

၅၆လွှာ အမြင့်ပေ ၇၀၀ လောက် မှန်ပတ်ပတ်လည် 360′ ကာထားတဲ့ Aircon အခန်းကျယ်ကနေ စင်္ကာပူ ရဲ့ အလှအပ တိုက်အမြင့် တွေကို ကြည့်ရှုနိုင်မှာပါ။ Wifi လည်း Free လွှင့်ပေးထားပါတယ်။ အစားအသောက် စားသုံးခွင့်မပြုပါ။ ညဖက်လည်း ရောက်ခါနီးပြီမို့ ochard shopping mall တွင် ညစာစား အချိန်ခဏကုန်ဆုံးစေပြီး Orchard Road ( Orchard MRT to Somerset MRT ) မှာ Street performers ဖျော်ဖြေမှု ကိုကြည့်ရှုနိုင်ပါသည်

ion sky towerion sky tower

ion sky tower
အပေါ်သို့ပြန်သွားရန်

3.Pinnacle Tower

  • ဝင်ကြေး – 5 S$ (Ezlink card သို့မဟုတ် လက်မှတ်၀ယ်ပြီးတက်လို့ရပါတယ်)
  • ဖွင့်ချိန်- နံနက် ၉း၀၀ မှ ည ၉း၀၀
  • လိပ်စာ- 1 Cantonment Rd, 080001 (BlK G မှာရှိတဲ့ Office ကိုသွားပြီးတက်နိုင်ပါတယ်)
  • ခန့်မှန်း လည်ပတ် ရန်ကြာချိန်- 1 hour
  • စုံစမ်းရန်- pinnacle duxton

အထပ် ၅၀ မြင့်တဲ့တိုက် ၇ ရဲ့ အပေါ်ဆုံးထပ်ကို Sky Bridge ဖြစ် ချိတ်ဆက်ထားပါတယ်။ Sky Bridge ပေါ်တွေ လေတဖြူးဖြူး တိုက်ခတ် နေလို့ လန်းဆန်း စေပါတယ်။ အပေါ်တွင်တစ်ပတ်ပတ်ဖို့တောင် မိနစ် ၂၀ လောက် လမ်းလျှောက် ရမှာဖြစ်တဲ့အတွက် ရှုခင်း တွေတဝကြီး လေပြေလေး နဲ့အတူ ခံစား နိုင်မှာပါ

Pinnacle TowerPinnacle Tower

Pinnacle Tower
အပေါ်သို့ပြန်သွားရန်

4.Red Dot Museum

  • ဝင်ကြေး – 8 S$
  • ဖွင့်ချိန်- နံနက် ၁၁း၀၀ မှ ည ၈း၀၀
  • လိပ်စာ- (near China town MRT) 28 Maxwell road 069120
  • ခန့်မှန်းလည်ပတ်ရန်ကြာချိန်- 30min
  • စုံစမ်းရန်- red dot museum

အသုံးအဆောင် ပစ္စည်း ဒီဇိုင်း အဆန်းလေးများ မီးအလင်ရောင် သက်ရောက်မှု များနဲ့ စိတ်ဝင်စားဖွယ် ဖြစ်အောင် ခင်းကျင်းပြသ ထားပါသည်။ ဒီဇိုင်း ဝါသနာ ပါသူများ သွားရောက် လည်ပတ် သင့်ပါသည်။ ဓါတ်ပုံ ရိုက် ဝါသနာပါ သူများလည်း မီးအလင်းရောင် ချိန်ညှိပုံ သွားရောက်လေ့လာ နိုင်ပါသသည်။
red dot design museumred dot design museumred dot design museumred dot design museumred-dot-museumred-dot-museum-2

red dot design museum
အပေါ်သို့ပြန်သွားရန်

5.Buddha tooth relic temple

  • ၀င်ကြေး- Free
  • ဖွင့်ချိန်- Opening Hours from 7am to 7pm, Monday to Sunday, Opening Hours for Level 2 to Level 4 is 9am to 6pm.
    လိပ်စာ- 288 South Bridge Road, Singapore 058840 (Chinatown MRT ကနေလမ်းလျှောက်ရင် ရောက်ပါသည်
    ခန့်မှန်း လည်ပတ် ရန်ကြာချိန်- 30min
  • စုံစမ်းရန်- buddha tooth relic temple

Levle 1- ကျယ်ဝန်းလှတဲ့ အခန်းတွင် တရားတော်ရွတ်ဖတ်သံတွေ ပန်းတွေ မီးတွေနဲ့ ပူဇော်တာ ခန်းနားစွာမြင်တွေ့ရမှာပါ
Level 2-တွင် သံဃာတော်များရုပ်ထုများ လက်ရာမြောက် စွာအစစ်အတိုင်းသွေးကြောများကအစတူအောင်ဖန်တီးထားတာ ကြည်ညိုစရာကောင်းလှပါတယ်
Level 3- ဗုဒ္ဓရုပ်ပွားတော်များ ဓာတ်တော်များ လေ့လာ ကြည်ညို နိုင်ပါတယ်
Level 4- ရွှေရောင် တ၀င်းတောက်ပနေပြီး မြတ်စွာဘုရားစွယ်တော် ဖူးမြော်နိုင်ပြီး ငြိမ်းချမ်းစွာ တရားထိုင် နေသူတွေကို ကြည်ညို နိုင်ပါတယ်
Roof- ပန်းခြံ ရှိပါသည်
အ၀တ်အစား အတိုအထွာ ၀တ်ဆင်ခြင်း(၀တ်ရုံ လဲလှယ်၀တ်ဆင် ဖို့အဆင်သင့်ရှိပါသည်/သားငါးများ ယူဆောင်ခွင့် မပြုပါ

Buddha tooth relic temple
buddha-tooth-relic-templeimg_9316buddha-tooth-relic-temple-3

buddha-tooth-relic-temple
အပေါ်သို့ပြန်သွားရန်

6.Haw Par Villa

  • ၀င်ကြေး- Free
  • ဖွင့်ချိန်- 9am – 6pm (last admission: 5.45pm)
  • လိပ်စာ- 262 Pasir Panjang Road, Singapore 118628 (Haw Par Villa MRT ကထွက်တာနဲ့ မြင်နေရပါသည်)
  • ခန့်မှန်းလည်ပတ်ရန်ကြာချိန်- 50 minutes

လက်ရာမြောက်သော ရုပ်ထု ပေါင်းများစွာဖြင့် တည်ဆောက်ထားတဲ့ အပန်းဖြေဥယာဉ် ဖြစ်ပါတယ်။ ရှေးရိုးစဉ်လာ ပုံပြင် ထဲမှ သူရဲကောင်း တွေ နတ်ဘုရား တွေ၊ ချစ်စရာကောင်း တဲ့ ရေသူမ လေးတွေ တိရစ္ဆာန်လေးတွေ ကံ၏အကျိုး ကို ရှင်းပြထားသော ရုပ်ထုတွေ၊ ကြောက်စရာကောင်းတဲ့ ငရဲကြီး ဆယ်ထပ် ကို လှိုဏ်ဂူ တွေရှိပါတယ်။
Haw Par VillaHaw Par Villahaw-par-villaHaw Par VillaHaw Par Villahaw-par-villaHaw Par Villahaw-par-villa
အပေါ်သို့ပြန်သွားရန်

7.Mount Faber

  • ၀င်ကြေး- Free
  • ဖွင့်ချိန်- 24 hour
  • လိပ်စာ- Harbour Front MRT exit D မှထွက်ပြီး Marang Trail အတိုင်း ခရီးစဥ်စတင်နိုင်ပါမည်
  • ခန့်မှန်း လည်ပတ် ရန်ကြာချိန်- 4 hours
  • ခရီးသွားလမ်းညွှန် အား Download ဆွဲရန်- Hortpark & the Southern Ridges

သာယာလှပသော သဘောဝရှုခင်း များဖြင့် ပေါ့ပါးလန်းဆန်း စေမှာပါ။ Mount Faber နဲ့ Sentosa က Cable Car ဖြင့် တိုက်ရိုက် ချိတ်ဆက် ထားပါတယ်။ Design အဆန်းနဲ့ ဆောက်လုပ် ထားတဲ့ တံတား ပေါ်ကနေ လျှောက်လှမ်းရင်း ကြည်နူးစရာ လေးတွေ ပိုင်ဆိုင် နိုင်မှာပါ။

mount-faberMount Fabermount-faber-1mount-faber-2 Mount FaberMount FaberMount Faberimg_9108Mount Faber
Mount Faber
အပေါ်သို့ပြန်သွားရန်

8 MacRitchie Reservoir

  • ၀င်ကြေး- Free
  • ဖွင့်ချိန်- 6am to 7pm
  • TreeTop Walk Opening Hours-   Tuesday – Friday: 9am -5pm –   Saturday, Sunday & Public Holidays: 8.30am – 5pm
  • လိပ်စာ- Caldecott MRT မှ 12 minutes လမ်းလျှောက်
  • ခန့်မှန်းလည်ပတ်ရန်ကြာချိန်- 5 hours
  • ခရီးစဥ်လမ်းညွှန်အား Download ဆွဲရန်
    Treetop Walk Guide
    Chemperai Trail 
    Prunus Trail

စိတ်ဖိစီးမှု တွေ ဖြေဖျောက်ဖို့ နဲ့ အားကစားလုပ်ရန် အလွန်ကောင်းပါတယ်။ အလွန်တရာမြင့်မားတဲ့ စိတ်လှုပ်ရှာဖွယ် ကြိုးတံတား ကို ချစ်သူ နဲ့အတူ ကြည်နူးဖွယ် ဖြတ်သန်း နိုင်မှာပါ။ မျောက် လေးတွေလည်း အများကြီးရှိပြီး မြို့နဲ့ဝေးရာ တောတောင် သဘာဝအလှ ကို တစ်ဝကြီး ခံစား နိုင်ပါသည်။ ခရီလမ်းကတော့ အပင်ပန်းခံနိုင်ဖို့လိုအပ်ပြီး တစ်ပတ်ပတ်ဖို့ဆို ၄-၅နာရီလောက် အမြန်လျှောက်ဖို့လိုပါတယ်
MacRitchie Reservoirimg_9798-e1479990336164-360x480MacRitchie ReservoirMacRitchie ReservoirMacRitchie ReservoirMacRitchie ReservoirMacRitchie Reservoir

TreeTop Walk