မြန်မာ့ သနပ်ခါး ဖြင့် အမွေး များအပြီး ဖယ်ရှားနည်း

မြန်မာ့ သနပ်ခါးဖြင့် အမွေး များအပြီး ဖယ်ရှားနည်း

အမွေးဖယ်ရှားဖို့အတွက်နည်းလမ်းတွေက ရိတ်ခြင်း၊ အမွေးဖယ်ရှာ:တဲ့ cream အသုံးပြုခြင်း၊ ဖယောင်းကပ်၍ နှုတ်ခြင်း၊ အမွေးနှုတ်စက် အသုံးပြုခြင်းပါ။ ရိတ်တာ နဲ့ Hair Removal Cream က မကြာခဏအမွေးပြန်ရှည်ပြီး၊ ဖယောင်းကပ်တာက ကျွမ်းကျင်မှု လိုအပ်တဲ့အတွက်၊ အမွေးနှုတ်စက် (Epilator) ကတော့ အကောင်းဆုံးနည်းလမ်းဖြစ်ပါသည်။

  • ပထမဦးစွာ အမွေးနှုတ်စက် (Epilator) အသုံးပြုပြီး အမွေးနှုတ်ပါ။ အမွေးနှုတ်ခြင်းဖြင့် အမြစ်ကျွတ်သွားပြီး ပြန်ပေါက်လျှင်လည်း အားပျော့သွားကာ အမွေးနုများသာ ခန့်မှန်းချိန် တစ်လလောက်ကြာမှ ပြန်ပေါက်ပါသည်။အမွေးနှုတ်စက်
  • သနပ်ခါးအမှုန့် ၂ ဇွန်း နဲ့ ဆူးပန်းဆီ (safflower oil) ၃ ဇွန်း အချိုးကျရောပြီး ခုနအမွေးနှုတ်ထားတဲ့နေရာတွေမှာ ၅မိနစ်လောက်နှိပ်နယ်ပေးပါ။
  • နှစ်နာရီလောက်ကြာအောင်ထားပြီးလျှင် ရေဖြင့်ဆေးကြောပါ။ အမွေးပေါက်ရန် အားပျော့သွားသည်အထိ နေ့တိုင်း လိမ်းပြီးနှိပ်နယ်ပေးခြင်းဖြင့် အပြီးတိုင်ဖယ်ရှားနိုင်ပါသည်